Forum/Forum Rules
Forum Rules
Forum စည်းကမ်းများ
This forum is for studying Grade 12 Mathematics, asking questions, and discussing methods of solution.
ဤ Forum သည် Grade 12 သင်္ချာဘာသာရပ်ကို လေ့လာရန်၊ မေးခွန်းမေးရန်နှင့် ဖြေရှင်းနည်းများ ဆွေးနွေးရန် ဖန်တီးထားခြင်းဖြစ်သည်။
Post only mathematics-related content.
Only Grade 12 mathematics questions, solutions, concepts, and study-related topics may be posted.
သင်္ချာနှင့်သက်ဆိုင်သော အကြောင်းအရာများသာ တင်ပါ။
Grade 12 သင်္ချာမေးခွန်းများ၊ ဖြေရှင်းနည်းများ၊ သဘောတရားများနှင့် လေ့လာရေးဆိုင်ရာ အကြောင်းအရာများသာ တင်ရမည်။
Post each question in the matching topic.
For example, post a Complex Numbers question in the “Complex Numbers” topic.
မေးခွန်းကို သက်ဆိုင်ရာ Topic တွင် တင်ပါ။
ဥပမာ—Complex Numbers မေးခွန်းကို “Complex Numbers” Topic တွင် တင်ပါ။
Write a clear thread title.
Instead of vague titles such as “I just want to ask” or “How do I do this?”, write a precise title such as “How do I find the argument of ?”Thread ခေါင်းစဉ်ကို ရှင်းလင်းစွာ ရေးပါ။
“မေးချင်လို့ပါ”၊ “ဒါဘယ်လိုလုပ်လဲ” ကဲ့သို့ မရှင်းလင်းသော ခေါင်းစဉ်များအစား “ ၏ argument ကို ဘယ်လိုရှာမလဲ” ဟု တိကျစွာရေးပါ။Include complete question details.
Add the question text, a figure or diagram, the steps you have already tried, and the part you do not understand.
မေးခွန်းအချက်အလက် ပြည့်စုံစွာ ထည့်ပါ။
မေးခွန်းစာသား၊ ပုံ၊ diagram၊ မိမိတွက်ထားသောအဆင့်နှင့် နားမလည်သည့်နေရာကို ထည့်ပေးပါ။
Do not ask for the answer only.
First show the method you have tried or the idea you have considered, then ask for help.
အဖြေချည်း မတောင်းပါနှင့်။
မိမိကြိုးစားတွက်ထားသည့်နည်း သို့မဟုတ် စဉ်းစားထားသည့်အချက်ကို အရင်ဖော်ပြပြီး အကူအညီတောင်းပါ။
When answering, explain the working step by step.
Do not give only a final answer. Write the formula, method, and reasoning clearly.
ဖြေဆိုရာတွင် တွက်ချက်ပုံ အဆင့်ဆင့်ရှင်းပြပါ။
Final answer တစ်ခုတည်း မပေးဘဲ အသုံးပြုထားသော formula၊ method နှင့် reasoning ကို နားလည်လွယ်အောင် ရေးပါ။
Do not spread an unconfirmed incorrect answer.
If you are unsure, say clearly that it may need checking. If you find a wrong answer, correct it politely.
မမှန်ကန်သောအဖြေကို အတည်ပြုချက်မရှိဘဲ မဖြန့်ပါနှင့်။
မသေချာပါက “စစ်ဆေးရန်လိုနိုင်သည်” ဟု ရှင်းလင်းစွာ ဖော်ပြပါ။ မှားနေသောအဖြေတွေ့ပါက ယဉ်ကျေးစွာ ပြင်ဆင်ပေးပါ။
Speak to one another with respect.
Insults, belittling, mocking, threats, and discrimination are not allowed.
တစ်ဦးနှင့်တစ်ဦး လေးစားစွာ ပြောဆိုပါ။
ဆဲဆိုခြင်း၊ နှိမ့်ချခြင်း၊ လှောင်ပြောင်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း မပြုရ။
Do not post spam or advertisements.
Repeated posting, unrelated links, tuition adverts, and sales adverts are not allowed without permission.
Spam နှင့် ကြော်ငြာများ မတင်ရ။
ထပ်တလဲလဲပို့စ်တင်ခြင်း၊ မသက်ဆိုင်သော link များ၊ သင်တန်းကြော်ငြာနှင့် အရောင်းကြော်ငြာများကို ခွင့်ပြုချက်မရှိဘဲ မတင်ရ။
Respect copyright and personal information.
Do not post unauthorised book PDFs, complete answer scripts, or another person’s phone number, address, or student details.
မူပိုင်ခွင့်နှင့် ကိုယ်ရေးအချက်အလက်ကို လေးစားပါ။
ခွင့်ပြုချက်မရှိသော စာအုပ် PDF၊ အဖြေလွှာအပြည့်အစုံနှင့် အခြားသူ၏ ဖုန်းနံပါတ်၊ လိပ်စာ၊ ကျောင်းသားအချက်အလက်များ မတင်ရ။
Do not use the forum for exam malpractice.
Do not ask for or share answers from an exam in progress, or help anyone cheat.
စာမေးပွဲမသမာမှုအတွက် မသုံးရ။
လက်ရှိဖြေဆိုနေသော စာမေးပွဲမှ အဖြေတောင်းခြင်း၊ အဖြေမျှဝေခြင်းနှင့် ခိုးယူဖြေဆိုရန် ကူညီခြင်း မပြုရ။
Follow the moderator’s decision.
Posts or replies that break the rules may be edited or removed, a thread may be closed, and an account may be suspended or permanently banned.
Moderator ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။
စည်းကမ်းမလိုက်နာသော Post သို့မဟုတ် Reply ကို ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်း၊ Thread ပိတ်ခြင်းနှင့် Account ကို ယာယီ/အမြဲတမ်း ပိတ်ခြင်း ပြုလုပ်နိုင်သည်။
Enforcement steps
- First time — a warning
- If it happens again — the post or reply is removed
- For a serious or repeated offence — the account is temporarily suspended
- Spam, threats, fraud, and exam malpractice — the account may be permanently banned
အရေးယူမှုအဆင့်
- ပထမအကြိမ် — သတိပေးခြင်း
- ထပ်မံကျူးလွန်ပါက — Post/Reply ဖယ်ရှားခြင်း
- ပြင်းထန်မှု သို့မဟုတ် အကြိမ်ကြိမ်ကျူးလွန်ပါက — Account ယာယီပိတ်ခြင်း
- Spam၊ ခြိမ်းခြောက်မှု၊ လိမ်လည်မှုနှင့် စာမေးပွဲမသမာမှု — Account အမြဲတမ်းပိတ်နိုင်ခြင်း