Grade 12 Math

Forum/How to post

How to post a thread

Thread တစ်ခု ဘယ်လိုတင်မလဲ?

ဤ Forum တွင် Grade 12 သင်္ချာမေးခွန်းများကို မေးမြန်းခြင်း၊ မိမိတွက်ထားသည့်နည်းလမ်းများ မျှဝေခြင်းနှင့် အခြားကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် အတူတကွ ဆွေးနွေးလေ့လာခြင်းတို့ ပြုလုပ်နိုင်ပါသည်။

Thread မတင်မီ Forum Rules ကိုဖတ်ပါ။ သင်္ချာနှင့်သက်ဆိုင်သော မေးခွန်းများကိုသာ တင်ရမည်။

အဆင့် (1) — Account ဖွင့်ပါ

Forum ကို ပထမဆုံးအသုံးပြုသူဖြစ်ပါက အပေါ်ဘက်ရှိ Join ခလုတ်ကိုနှိပ်ပြီး Account ဖွင့်ပါ။

Account ရှိပြီးသားဖြစ်ပါက Log in ကိုနှိပ်၍ မိမိ၏ Account ဖြင့် ဝင်ရောက်ပါ။

အဆင့် (2) — Thread အသစ်တင်ရန် ခလုတ်ကိုနှိပ်ပါ

Log in ဝင်ပြီးနောက် အပေါ်ဘက်ရှိ + New thread ခလုတ်ကို နှိပ်ပါ။ ပင်မစာမျက်နှာတွင် Start a thread ဟုလည်း တွေ့နိုင်ပါသည်။

Thread ဆိုသည်မှာ မိမိမေးလိုသော သင်္ချာမေးခွန်း သို့မဟုတ် အခြားသူများနှင့် ဆွေးနွေးလိုသော အကြောင်းအရာတစ်ခုဖြစ်သည်။

အဆင့် (3) — သက်ဆိုင်ရာ Topic ကိုရွေးပါ

ဖောင်တွင် Category ဟုရေးထားသည်။ မိမိမေးခွန်းနှင့် သက်ဆိုင်သည့် သင်ခန်းစာခေါင်းစဉ်ကို မှန်ကန်စွာရွေးပါ။ ဘယ်ဘက် Topics စာရင်းနှင့် တူညီပါသည်။

ဥပမာ—

  • Complex number မေးခွန်းဖြစ်ပါက Complex Numbers
  • Vector မေးခွန်းဖြစ်ပါက Vector Algebra
  • Differentiation မေးခွန်းဖြစ်ပါက Application of Differentiation
  • Integration မေးခွန်းဖြစ်ပါက Method of Integration
  • Forum သုံးရတာ မေးချင်ရင် Forum Help
  • Permutation သို့မဟုတ် Combination မေးခွန်းဖြစ်ပါက Permutations and Combinations
  • ရှိပြီးသား Topic များနှင့် မကိုက်ညီပါက Other ကိုရွေးပြီး ကိုယ်ပိုင် Topic အမည်ရေးပါ။ တင်ပြီးသည်နှင့် ဘယ်ဘက် Topics စာရင်းတွင် ပေါ်လာမည်။

သက်ဆိုင်ရာ Topic ကို မှန်ကန်စွာရွေးထားခြင်းဖြင့် မေးခွန်းကို ရှာဖွေရလွယ်ကူပြီး သက်ဆိုင်ရာသင်ခန်းစာကို လေ့လာနေသူများထံမှ အဖြေမြန်မြန်ရနိုင်ပါသည်။

အဆင့် (4) — ရှင်းလင်းသော ခေါင်းစဉ်ရေးပါ

Title နေရာတွင် မိမိမေးလိုသောအကြောင်းအရာကို တိုတိုနှင့် ရှင်းရှင်းလင်းလင်းရေးပါ။

မကောင်းသော ခေါင်းစဉ်များ—

  • ဒီဟာဘယ်လိုတွက်ရမလဲ
  • မသိလို့ပါ
  • အဖြေလေးပြောပေးပါ
  • Help me

ကောင်းသော ခေါင်းစဉ်များ—

  • Find the argument of
  • Vector သုံးခု coplanar ဖြစ်ကြောင်း ဘယ်လိုစစ်မလဲ?
  • Integration by parts ကို ဘယ်အချိန်မှာသုံးရမလဲ?
  • Mathematical induction ရဲ့ inductive step ကို နားမလည်ပါ

မေးခွန်းကိုမဖွင့်မီ အကြောင်းအရာကို သိနိုင်သော ခေါင်းစဉ်မျိုးရေးပါ။

အဆင့် (5) — မေးခွန်းကို အပြည့်အစုံရေးပါ

Source နေရာတွင် မေးခွန်းစာသားကို အပြည့်အစုံရေးပါ။ ပေးထားသောတန်ဖိုးများ၊ သတ်မှတ်ချက်များနှင့် ရှာခိုင်းထားသည့်အရာများ မကျန်စေရပါ။ သင်္ချာကို `$...$` (inline) နှင့် `$$...$$` (display) ဖြင့် ရေးပါ။ ညာဘက်တွင် Preview ကို ကြည့်နိုင်ပါသည်။

မေးခွန်းပုံရှိပါက Upload image ဖြင့် ကြည်လင်ပြတ်သားသောပုံကို ထည့်ပါ။ မေးခွန်းနံပါတ်နှင့် မေးခွန်းစာသားအားလုံး ဖတ်ရှုနိုင်ကြောင်း တင်မီစစ်ဆေးပါ။

မေးခွန်းတစ်ခုလုံးပါသည့် စာမျက်နှာကြီးကို တင်မည့်အစား မေးလိုသော မေးခွန်းနေရာကိုသာ ဖြတ်၍တင်လျှင် ဖတ်ရှုရပိုလွယ်ကူပါသည်။

အဆင့် (6) — မိမိတွက်ထားသည့်နည်းကို ဖော်ပြပါ

မေးခွန်းပုံတစ်ပုံတင်ပြီး “အဖြေပြောပေးပါ” ဟုသာ မရေးသင့်ပါ။

မိမိစဉ်းစားထားသည့်နည်း၊ စတင်တွက်ထားသည့်အဆင့်နှင့် နားမလည်သည့်နေရာကို ရေးပေးပါ။

ဥပမာ—

ကို Argand diagram ပေါ်မှာ plot လုပ်နိုင်ပါတယ်။
ဒါပေမယ့် argument ကိုရှာတဲ့အခါ သုံးရမလား၊ quadrant ကို ထပ်စစ်ရမလား မသိပါ။

ဤကဲ့သို့ ရေးထားပါက အခြားသူများက မိမိနားမလည်သည့်နေရာကို တိတိကျကျရှင်းပြပေးနိုင်ပါသည်။

အဆင့် (7) — Member ကို mention လုပ်ပါ

အကူအညီတောင်းလိုသော ဆရာ သို့မဟုတ် ကျောင်းသားရှိပါက Source ထဲတွင် @ ရိုက်ပြီး အမည်ကို ရွေးပါ။ Toolbar ရှိ @ Mention ခလုတ်ကိုလည်း သုံးနိုင်ပါသည်။

Mention လုပ်ခံရသူထံ သတိပေးချက်ပေါ်မည်။ Thread များနှင့် ဤစာမျက်နှာအောက်ရှိ comment များတွင် mention လုပ်နိုင်ပါသည်။

အဆင့် (8) — မတင်မီ ပြန်စစ်ပါ

Thread မတင်မီ အောက်ပါအချက်များကို စစ်ဆေးပါ။

  • Topic မှန်ကန်စွာ ရွေးထားပါသလား?
  • ခေါင်းစဉ်က မေးခွန်းအကြောင်းအရာကို ရှင်းလင်းစွာဖော်ပြထားပါသလား?
  • မေးခွန်းစာသားနှင့် ပေးထားသောတန်ဖိုးများ ပြည့်စုံပါသလား?
  • ပုံထည့်ထားပါက ကြည်လင်စွာဖတ်နိုင်ပါသလား?
  • မိမိနားမလည်သည့်နေရာကို ဖော်ပြထားပါသလား?
  • တူညီသောမေးခွန်းကို ယခင်က တစ်စုံတစ်ယောက် တင်ထားပြီးသားရှိပါသလား?

အားလုံးမှန်ကန်ပါက Post thread ခလုတ်ကိုနှိပ်၍ Thread ကို တင်နိုင်ပါသည်။

Thread တစ်ခု၏ နမူနာ

Category: Vector Algebra

Title: Vector သုံးခု coplanar ဖြစ်ကြောင်း ဘယ်လိုစစ်မလဲ?

Content:

Given the points , , and , determine whether the four points are coplanar.

ကျွန်တော်က , နဲ့ ကို အရင်ရှာထားပါတယ်။ Scalar triple product မသုံးဘဲ vector နည်းနဲ့ coplanar ဖြစ်ကြောင်း ဘယ်လိုဆက်စစ်ရမလဲ မသိပါ။

တွက်ထားတာက—





ဒီနေရာကနေ ဘယ်လိုဆက်လုပ်ရမလဲ ရှင်းပြပေးပါ။

Reply ပြန်ရေးနည်း

အခြားသူတစ်ဦး၏ Thread ကို ဖြေဆိုရာတွင် Final answer တစ်ခုတည်းမပေးဘဲ ဖြေရှင်းပုံကို အဆင့်ဆင့်ရှင်းပြပါ။

အခြားသူ၏အဖြေ မှားနေပါက ဆဲဆိုခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းမပြုဘဲ မည်သည့်အဆင့်တွင် မှားနေကြောင်းနှင့် မှန်ကန်သောနည်းကို ယဉ်ကျေးစွာရှင်းပြပါ။

မိမိမေးခွန်းအတွက် နားလည်နိုင်သောအဖြေရရှိပြီးပါက အဖြေပေးသူကို ကျေးဇူးတင်စကားပြောပြီး လိုအပ်ပါက ဆက်လက်မေးမြန်းနိုင်ပါသည်။ Member ကို ကျေးဇူးတင်လိုပါက @ ဖြင့် mention လုပ်နိုင်ပါသည်။

မေးခွန်းကောင်းကောင်းမေးခြင်းသည် အဖြေကောင်းကောင်းရရှိရန် ပထမဆုံးအဆင့်ဖြစ်သည်။